• jingye group
  • jingye group
  • jingye group
  • jingye group
oif,ckwnfae&m (tdrf)- owifowif

Hebei Jingye Group သည် Shijiazhuang မြေအောက်ရထားလိုင်း(၁)၏ ပထမအဆင့် စီမံကိန်းတွင် “အကောင်းဆုံးတင်သွင်းသူ”ဆု ရရှိခြင်း

Visitors  source: date:2018-4-10 17:46:21

များမကြာမီအချိန်တွင် Hebei Jingye Group သည် China Railway Trade (Beijing) Co.Ltd; မှ ချီးမြှင့် သော Shijiazhuang မြေအောက်ရထားလိုင်း(၁)၏ ပထမအဆင့် စီမံကိန်းတွင် “အကောင်းဆုံး တင်သွင်းသူ” ဆုကို ရရှိလိုက် ပါ သည်။ ထို့ပြင် China Railway Trade (Beijing)Co.Ltd; Shijiazhuang Material Supply Center မှ ချီးမွမ်းစာ တစ်စောင် ရရှိပါသည်။ ထိုစာတွင် Jingye Group ထုတ်ကုန်အရည်အသွေးနှင့် ၀န်ဆောင်မှုကို အထူး ချီးကျူးပြီး Jingye Group ကို Shijiazhuang ရေအောက်ရထားလိုင်း(၂)နှင့်(၃) ဆောက်လုပ်ရေးစီမံကိန်းတွင် “အရည်အသွေးနံပါတ်(၁)၊ ဈေးဝယ်နံပါတ် (၁)၊ ၀န်ဆောင်မှုနံပါတ်(၁)”ဟူသော စိတ်ဓါတ်နှင့် နောက်တင်သွင်း လုပ်ငန်းများကို ပြီးပြည့်စုံအောင် ဆက်လက် ဆောင် ရွက်ရန် တိုက်တွန်းလိုက်ပါသည်။ -၂- ၂၅.၇.၂၀၁၃ ရက်နေ့တွင် Jingye Group သည် China Railway Industry And Trade Co.Ltd; နှင့် Rebar အရောင်းအ၀ယ်စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး လိုက်ပါသည်။ ထိုသို့အောင်မြင်ခြင်းသည် Jingye ၏ Rebar သည် Shijiazhuang မြေအောက်ရထားစီမံကိန်းတွင် အောင်မြင်စွာ တင်သွင်းလိုက်ခြင်း အမှတ်အသား တစ်ခုဖြစ်ပါသည်။ Shijiazhuang မြေအောက်ရထားလိုင်း(၁)စီမံကိန်းဆောက်လုပ်ရာတွင် စုစုပေါင်းတန်ချိန် တစ်သိန်းခန့် Rebar သွင်းပါသည်။ Jingye Group သည် လက်မှုပညာရှင်စိတ်ဓါတ်ဖြင့် အရည်အသွေးအကောင်းဆုံး ထုတ်ကုန် ပြုလုပ်၍ စီမံကိန်းအတွက် အကောင်းဆုံး Rebar ကုန်ပစ္စည်းများကို ပေးပို့ပါသည်။ ထို့ပြင် ထုတ်ကုန်ပစ္စည်း၏ အရည်အသွေး၊ အရွယ်အစား၊အထုပ်အပိုးပြင်ဆင်ပေးခြင်းနှင့် အခြားဝယ်သူစိတ်ကြိုက်ဝန်ဆောင်မှုကို လုပ်ဆောင် ပေးပါသည်။ စီမံကိန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ဈေးဝယ်သူ၏ ကုန်ကျစရိတ်ကို သက်သာစေပါသည်။ Jingye Group က ၄င်းစီမံကိန်း အတွက် ပစ္စည်းမှာယူရာမှ ကုန်ချသည်အထိ One – Stop “Belter” ၀န်ဆောင်မှု ကို ပေးသောကြောင့် ၀ယ်သူ၏ အထူး အတည်ပြုမှုကို ရရှိပါသည်။ ဤကဲ့သို့ ကောင်းသော အရည်အသွေးပြည့်ပစ္စည်း နှင့် ဂရုစိုက်သော ၀န်ဆောင်မှုများကြောင့် Jingye Group သည် စီမံကိန်းဆောက်လုပ်သူ၏ ယုံကြည်မှုအပြည့်ရရှိပြီးနောက် Shijiazhuang မြေအောက်ရထား လိုင်း (၂)၊(၃) အား လေလံဆွဲ နိုင်၍ Shijiazhuang မြေအောက်ရထား ဆောက်လုပ်ရေးတွင် ဆက်လက်ပါဝင်ပါသည်။ Jingye Group ကလည်း စီမံကိန်း များ အဆင်ပြေချောမွေ့ရန် ပိုမိုကောင်းသော စံနှုန်း၊ ပိုမိုကြပ်မတ်သော တောင်းဆိုမှု၊ပိုမိုကောင်းသော ၀န်ဆောင်မှုဖြင့် ကြိုး စားပြီး ပံ့ပိုးပေးပါမည်။